KNDF ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသား ရဲဘော် (၁၈) ဦး ရေထဲမျောပါ ကျဆုံး


RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းသားများသည် စက်တင်ဘာ (၁၁) ရက် နေ့ ညနေက သင်္ခန်းစာလေ့ကျင့်ရေး ဆောင်ရွက်စဉ် ချောင်းတခုကိုဖြတ်ကျော်ရန် ကြိုးစားစဉ်အတွင်း မတော်တဆဖြစ်ပြီး ရေထဲမျောပါကာ ဆေးသင်တန်းသား ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ဆေးသင်တန်းအတွင်း ယခုကဲ့သို့ မတော်တဆဖြစ်ပြီး သင်တန်းသား ရဲဘော် (၁၈) ဦး ဆုံးရှုံးခဲံရသည့်အပေါ် KNDF အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွဝြမ်းနည်းကြွေကွဲရပြီး၊ ယခုဖြစ်စဉ်ကို KNDF ဗဟိုအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA #Karenni #KNDF



Source link

Post a Comment

أحدث أقدم